အသင်းဝင်သစ် ဆေးရုံများအား လှိုက်လှဲစွာ ကြိုဆိုခြင်း။

 ၂၃/ အောက်တိုဘာလ / ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ( MPHA) သို့ ၂၀၂၅ ခုနှစ် မေလအတွင်း ဝင်ရောက်လာကြသော အသင်းဝင်သစ်များဖြစ်ကြသည့် ထက်နေလင်းဆေးရုံ (ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး)၊ လင်းရောင်ဦးဆေးရုံ (အောင်မြေသာဇံမြို့နယ်၊ မန္တလေး)၊ ကံသစ္စာဆေးရုံ (ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး)၊ ဓူဝံဆေးရုံ (ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး)၊ ချယ်ရီမြေဆေးရုံ (ပြင်ဦးလွင်မြို့နယ်၊ မန္တလေး) နှင့် ရွှေပြည်တော်သစ်ဆေးရုံ (ရွှေပြည်သာမြို့နယ်၊ ရန်ကုန်) တို့အား အသင်းမှ ကြိုဆိုဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းသို့ အသင်းဝင်ထားသော မြန်မာနိုင်ငံအနှံ့အပြားရှိ ပုဂ္ဂလိကဆေးရုံပေါင်း (၁၂၁) ရုံထိ ရှိနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းသို့ အသင်းဝင်လိုသော ပုဂ္ဂလိကဆေးရုံများအနေဖြင့် ဖုန်း- ၀၉ ၄၅၅ ၃၀၈ ၁၀၆, ၀၉ ၄၅၅ ၃၀၈ ၁၀၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။