8 / November / 2025
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၏ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲနေ့နှင့် နှစ်ပတ်လည် အခမ်းအနားပွဲနေ့တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် Mobile Clinic ဖွင့်လှစ်ပေးနိုင်ရန်ကိစ္စကို မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ အသင်းဝင်ဆေးရုံဖြစ်သည့် “အာရှတော်ဝင်ဆေးရုံ”မှ တာဝန်ယူ၍ ကူညီဆောင်ရွက်ပေးခဲ့ရာ လာရောက်ပြသ၍ ကုသမှုခံယူသူ (၂၀) ဦးအထိ ရှိခဲ့ပါသည်။ အသင်းဝင်ဆေးရုံတစ်ရုံအနေဖြင့် ဤကဲ့သို့ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ယူမိပါသည်။