"ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်" ၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း။

 ၃၀ / နိုဝင်ဘာလ / ၂၀၂၅ ခုနှစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ "ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်" ၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌လည်းကောင်း၊ နှစ်ပတ်လည်အစည်းအဝေး ညစာစားပွဲကို Novotel Hotel ၌လည်းကောင်းကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာအေးအေးစန်း၊ ဒုတိယ ဥက္ကဌ ဒေါက်တာကြူကြူနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာသက်သက်ခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။