(၁)ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများသင်း၏ Education and Training Committee စီစဉ်မှုဖြင့် အသင်း၏ ဒုဥက္ကဌ ဒေါက်တာထင်ပေါ်မှ “Basic Ultrasound Training including the hand-on practice” ခေါင်းစဉ် ဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ သောကြာနေ့တွင် Sakura Hospital၊ သင်တန်း ခန်းမ၌ (In Person) လက်တွေ့သင်ကြားပို့ချမှုနှင့် (Online Zoom) မှသင်ကြားပို့ချမှု၊ ပုံစံနှစ်မျိုးဖြင့် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအချိန်အထိ ဟောပြောပြသ ရှင်းလင်းသင်ကြားပေး ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အသင်းဝင် ပုဂ္ဂလိကဆေးရုံပေါင်း ( ၄၀ ) ကျော်မှ ဆရာ၊ဆရာမများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။