(၇)ရက် ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၅ခုနှစ်
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ သတ္တမအကြိမ် အောက်မြန်မာပြည်အလုပ်အမှုဆောင်အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၃၁ ) ရက် သောကြာနေ့ ညနေ ( ၂ ) နာရီမှ ( ၃ ) နာရီအထိလည်းကောင်း ဗဟိုအလုပ်ဆောင်ကော်မတီ အစည်းအဝေးကို ညနေ ( ၃ ) နာရီမှ ( ၄ ) နာရီအထိလည်းကောင်း Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အောက်မြန်မာပြည်အလုပ်ဆောင်ကော်မတီဝင်များနှင့် ဗဟိုအလုပ်ဆောင်ကော်မတီဝင်များသည် အွန်လိုင်းမှတဆင့် စုံသင်စွာတက်ရောက်ကာ ဆွေးနွေးပြောကြားခဲ့ကြပါသည်။