၁/ ဩဂုတ်လ / ၂၀၂၅ ခုနှစ်
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ Education and Training Committee မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်၊ စနေနေ့တွင် နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအချိန်အထိ “Police Case Management in Private Hospitals” ခေါင်းစဥ်ဖြင့် UMFCCI (၄) လွှာ၊ အခန်း (၄၀၆)၌ Training Talk ကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ Training Talk ကို Prof. Zaw Zaw Oo – (MBBS, MMedSc, Dr.MedSc, DipMedEd) – Professor & Head of the Department of Forensic Medicine – University of Medicine (1), Yangon မှ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။ Training Talk ကို အသင်းဝင်ဆေးရုံများမှ အုပ်ချုပ်ရေးဘက်မှ ဆရာကြီး/ဆရာမကြီးများနှင့် ကုသရေးဘက်မှ ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း (၉၀) ခန့် တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးမျှဝေခဲ့ကြပါသည်။ ဤသင်တန်းကို ပြုလုပ်ခြင်းအားဖြင့် အသင်းဝင်ဆေးရုံများ၏ ဆေးရုံစည်းမျဥ်းစည်းကမ်းများ တိုးတက်ကောင်းမွန်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ လုပ်ငန်းကြီးအတွင်း၌ လူနာများဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို မြှင့်တင်ပေးနိုင်ရန် အသင်းကြီးမှရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။