“Patient-Centered Service Recovery, Safety and Learning Training” ကျင်းပခြင်း။

  ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ သောကြာနေ့။

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးကော်မတီမှ ကြီးမှူး၍ အသင်းဥက္ကဌ ဒေါက်တာအေးအေးစန်းပို့ချပေးသည့် “Patient-Centered Service Recovery, Safety and Learning Training” ကို အွန်လိုင်းမှတဆင့် နေ့လည် (၂း၀၀) နာရီမှ (၄း၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ အသင်းဝင်ဆေးရုံများအားလုံးမှ တာဝန်ရှိဆရာ/ဆရာမများ စုံစုံလင်လင် တက်ရောက်ခဲ့ကြ ပါသည်။ သင်တန်းသည် ပုဂ္ဂလိကဆေးရုံများအနေဖြင့် မိမိတို့ဆေးရုံ၏ ဝန်ဆောင်မှုပိုင်းနှင့်ပတ်သက်၍ မိမိတို့ဆေးရုံဝန်ထမ်းများဘက်မှ ထားရှိသင့်သည့်ခံယူချက်များ၊ လေ့လာသုံးသပ်မှုနှင့် ကိုင်တွယ်ဖြေရှင်း ရေးတို့အတွက် ဗဟုသုတနှင့် ဆေးရုံလုပ်ငန်းများကို အဆင်ပြေစွာ တိုးတက်ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ကောင်းမွန်မှန်ကန်သည့် အခြေခံနည်းလမ်းကောင်းများကို မျှဝေဆွေးနွေးခဲ့ပါသည်။