(၄)ရက် ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၅ခုနှစ်
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ အသင်းဝင်ဆေးရုံများမှ တာဝန်ရှိဆရာ/ဆရာမများသည် မိမိတို့ဆေးရုံ ဓာတ်ခွဲခန်းများအနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် ကျွမ်းကျင်မှုရရှိလာခြင်း၊ ဓာတ်ခွဲခန်းများမှစမ်းသပ်စစ်ဆေးသည့်ရလဒ်များ တိကျမှန်ကန်မှုရရှိစေခြင်းနှင့် ပြည်သူများ၏ကျန်းမာရေးအတွက်ယုံကြည်စိတ်ချရသည့် နိုင်ငံတကာအသိအမှတ်ပြုဆေးရုံ/ဆေးခန်းများ ပေါ်ထွက်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိလာနိုင်ရေးရည်မှန်းချက်ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက် အင်္ဂါနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းများ နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်း ISO 15189 နှင့်အညီ လိုက်နာဆောင်ရွက်ဆောင်ရွက်နိုင်ရေး အသိပညာပေးအစီအစဥ်သို့ အသင်း၏ဥက္ကဌ ဒေါက်တာအေးအေးစန်းမှ အဖွင့်အမှာစကားပြောကြားပေးကာ စိတ်ပါဝင်စားသည့် အသင်းဝင်ဆေးရုံများမှ ဆရာ/ဆရာများမှ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။