၃၀ / ဇန်နဝါရီလ/ ၂၀၂၆ ခုနှစ်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်၊ သောကြာနေ့တွင် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းသည် Yee Shin Co.,Ltd နှင့် ပူးပေါင်း၍ အသင်းဝင်ဆေးရုံများမှ ဆရာ/ဆရာမများအတွက် Olympus Endoscope Maintenance Training ကို နံနက် (၁၀) နာရီမှ နေ့လည် (၄) နာရီအထိ In-person & online training ကို တပြိုင်နက်တည်း ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤသင်တန်းကို Yee Shin Co.,Ltd မှ ဦးကျော်ဇော (Chief Engineer) နှင့်အဖွဲ့မှ Theory & hands-on ဖြင့် သင်ကြားပေးခဲ့ပါသည်။ သင်တန်းကို အသင်းဝင်ဆေးရုံများမှ ဆရာ/ဆရာမ (၇၀) ခန့် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဖြစ်မြောက်ရေးအတွက် တက်ကြွစွာပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည့် Yee Shin Co.,Ltd ကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အသင်းကြီးအနေဖြင့်လည်း ဤကဲ့သို့ သင်တန်းများ စဥ်ဆက်မပြတ် စီစဥ်ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတိုးတက်မြင့်မားစေရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။