(၁၇) ရက် ၊ ဇွန်လ ၊ ၂၀၂၂ ခုနှစ်
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ Education and Training Committee မှ ကြီးမှူး၍ “Patient & Family Education and Counselling” ခေါင်းစဉ်ဖြင့် Training Talk ကို Online (Zoom Meeting) စနစ်ဖြင့် ဇွန်လ (၁၇) ရက်၊ နေ့လည် (၂) နာရီ၌ ပြုလုပ်ကျင်းပခဲ့ပြီး ပန်းလှိုင်ဆေးရုံ (ရန်ကုန်) မှ ဒေါက်တာမောင်မောင်အောင် နှင့် ဒေါက်တာဥမ္မာရှိန် တို့မှ Speaker အဖြစ်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ Training Talk သို့ MPHA အသင်းဝင်ဆေးရုံပေါင်း (၄၀) မှ ဆရာ၊ ဆရာမပေါင်း (၆၀) ကျော် စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။