မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ တတိယအကြိမ် အမှုဆောင်ကော်မတီအစည်းအဝေးများ ပြုလုပ်ခဲ့ခြင်း။

  (၈) ရက် ၊ ဇူလိုင်လ ၊ ၂၀၂၂ ခုနှစ်

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း (MPHA) ၏ တတိယအကြိမ် အောက်မြန်မာပြည်အလုပ်အမှုဆောင်များ (Lower Myanmar EC) အစည်းအဝေးနှင့် အထက်မြန်မာပြည်အလုပ်အမှုဆောင်များ (Upper Myanmar EC) အစည်းအဝေးများကို ဇူလိုင်လ (၈) ရက်၊ သောကြာနေ့၊ နေ့လည် (၂ နာရီ - ၃ နာရီ) တွင်လည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်များ (CEC) အစည်းအဝေးကို နေ့လည် (၃ နာရီ - ၄ နာရီ) တွင်လည်းကောင်း အသီးသီး Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပါသည်။