အသင်းဝင်သစ်များဖြစ်ကြသော သမိုင်းဆေးရုံ (မရမ်းကုန်းမြို့နယ်)၊ ရာဇာဓီရာဇ်ဆေးရုံနှင့် မုဒိတာဆေးရုံ (မြောက်ဒဂုံမြို့နယ်) တို့အား လှိုက်လှဲစွာ ကြိုဆိုခြင်း

 (၃)ရက် ၊ ဒီဇင်ဘာလ ၊ ၂၀၂၅ခုနှစ်

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ( MPHA) သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အသင်းဝင်သစ်များဖြစ်ကြသည့် သမိုင်းဆေးရုံ၊ ရာဇာဓိရာဇ်ဆေးရုံနှင့် မုဒိတာဆေးရုံတို့အား အသင်းမှ ကြိုဆိုဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းသို့ အသင်းဝင်ထားသော မြန်မာနိုင်ငံအနှံ့အပြားရှိ ပုဂ္ဂလိကဆေးရုံပေါင်း (၁၁၄) ရုံထိ ရှိနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းသို့ အသင်းဝင်လိုသော ပုဂ္ဂလိကဆေးရုံများအနေဖြင့် ဖုန်း- ၀၉ ၄၅၅ ၃၀၈ ၁၀၆, ၀၉ ၄၅၅ ၃၀၈ ၁၀၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။