အသင်းဝင်သစ်များဖြစ်ကြသော မိုးမေတ္တာဆေးရုံ(ကမာရွတ်မြို့နယ်)နှင့် ချမ်းသာသုခဆေးရုံ(ရန်ကုန်)တို့အား လှိုက်လှဲစွာ ကြိုဆိုခြင်း

 (၂၄)ရက် ၊ ဇန်နဝါရီလ ၊ ၂၀၂၅ခုနှစ်

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ( MPHA) သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အသင်းဝင်သစ်များဖြစ်ကြသည့် မိုးမေတ္တာဆေးရုံ(ကမာရွတ်မြို့နယ်)နှင့် ချမ်းသာသုခဆေးရုံ(ရန်ကုန်)တို့အား အသင်းမှ ကြိုဆိုဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းသို့ အသင်းဝင်ထားသော မြန်မာနိုင်ငံအနှံ့အပြားရှိ ပုဂ္ဂလိကဆေးရုံပေါင်း (၁၁၆) ရုံထိ ရှိနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းသို့ အသင်းဝင်လိုသော ပုဂ္ဂလိကဆေးရုံများအနေဖြင့် ဖုန်း- ၀၉ ၄၅၅ ၃၀၈ ၁၀၆, ၀၉ ၄၅၅ ၃၀၈ ၁၀၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။