၁၀ / နိုဝင်ဘာလ / ၂၀၂၅ ခုနှစ်
Asian Hospital Federation (AHF) အသင်းကြီးသည် ၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အာရှရပ်ဝန်းရှိ နိုင်ငံအသီးသီးမှ ဆေးရုံများနှင့် အသင်းအဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော သီးသန့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းသည် အဆိုပါ အထင်ကရအဖွဲ့အစည်းကြီး၏ အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာဘာလ (၁၀) ရက်၊ တနင်္လာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်သည့် International Hospital Federation (IHF) Conference Meeting အစည်းအဝေးကြီးတွင် မှတ်တမ်းတင်ကြေငြာခဲ့ပါသည်။ အစည်းအဝေးသို့ အသင်းဥက္ကဌ ဒေါက်တာအေးအေးစန်းကိုယ်တိုင် တက်ရောက်ကာ အသိအမှတ်ပြုလက်မှတ်ကို လက်ခံရယူခဲ့ပါသည်။ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်း အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် ဥက္ကဌ ဒေါက်တာအေးအေးစန်းကို အသင်းသူအသင်းသားများအားလုံးက ဝမ်းသာဂုဏ်ယူမိပါသည်။