(၂၆)ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ်
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ ကြာသပတေးနေ့ နံနက် (၁၀) နာရီမှ (၁၁) နာရီအချိန်တွင် JICA Myanmar မှ Ms. OZAWA Maki ခေါင်းဆောင်သော JICA HQ Assessment Mission အဖွဲ့မှ တာဝန်ရှိသူများအဖွဲ့ကို မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများ အသင်းရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။