(၂၁)ရက်၊ မေလ၊ ၂၀၂၅ ခုနှစ်
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ ပြန်ကြားရေးကော်မတီအစည်းအဝေးကို ၂၀၂၅ ခုနှစ် မေလ (၂၁) ရက် ဗုဒ္ဓဟူးနေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မေလထုတ်စာစောင်နှင့် ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး နောက်ထပ်ထွက်ရှိမည့် စာစောင်အတွက် ပြင်ဆင်သင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။