(၂၀)ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ “Education and Capacity Building Training Committee” မှ ကြီးမှူး၍ အသင်းဝင်ဆေးရုံများအတွက် "Importance of Incident report in Health care sector" ခေါင်းစဥ်ဖြင့် သင်တန်းပို့ချခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် သောကြာနေ့တွင် နေ့လည် ၂ နာရီမှ ၄ နာရီအထိ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းကို Pun Hlaing International Hospital မှ Dr. May Thazin Aye - General Manager (Clinical Excellence and Quality) က ရှင်းလင်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အသင်းဝင်ဆေးရုံများမှ ဆရာ/ ဆရာမ စုစုပေါင်း (၈၀) ခန့် တက်ရောက်ခဲ့ပါသည်။