၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ သောကြာနေ့။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ သုတေသနနှင့် လေ့ကျင့်ရေးဖွံ့ဖြိုးရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ သောကြာနေ့၊ နေ့လည် (၃း၀၀ - ၃း၃၀) နာရီအချိန်တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာစစ်ပိုင်မှ ဦးဆောင်ခဲ့ပြီး အဖွဲ့ဝင်ဆရာ၊ ဆရာမများအားလုံး စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီ၏ Terms of Reference ကို အတည်ပြုနိုင်ခဲ့ပြီး လာမည့်လများအတွင်း သင်တန်းများကျင်းပနိုင်ရေးအတွက် သင်တန်းခေါင်းစဥ်များနှင့် သင်တန်းနေရာများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။