၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ အင်္ဂါနေ့။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ စီမံခန့်ခွဲရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၈) ရက်၊ အင်္ဂါနေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာနွေးနုဝေမှ ဦးဆောင်ခဲ့ပြီး အဖွဲ့ဝင်ဆရာ၊ ဆရာမ များအားလုံး စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။