၂၉ / မေလ / ၂၀၂၆ ခုနှစ်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ ပထမအကြိမ် အောက်မြန်မာပြည်အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ကို ၂၀၂၆ ခုနှစ် ၊ မေလ (၂၉) ရက်၊ သောကြာနေ့၊ နေ့လည် (၁း၀၀) နာရီမှ (၂း၀၀) နာရီအထိ လည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ၊ မေလလ (၂၉) ရက်၊ သောကြာနေ့၊ နေ့လည် (၂း၀၀) နာရီမှ (၄း၀၀)နာရီအထိ လည်းကောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၏အစပိုင်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ဒေါက်တာသက်နိုင်မောင်နှင့်တာဝန်ရှိသူများသည် ၎င်းတို့၏စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများကို ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီများမှ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ ကြပါသည်။