Hospital Management Asia (HMA) 2025 Conference သို့ တက်ရောက်ခဲ့ခြင်း။

  (၁၉)ရက် / စက်တင်ဘာလ / ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာအေးအေးစန်းနှင့် အသင်းဝင်ဆေးရုံများမှ ကိုယ်စားလှယ်များသည် ဗီယက်နမ်နိုင်ငံ၊ ဟိုချိမင်းမြို့တော်၊ GEM Center တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၉ - ၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Hospital Management Asia 2025 Conference သို့ တက်ရောက်ခဲ့ကြပါသည်။ HMA 2025 Conference ၏ ဆောင်ပုဒ်ဖြစ်သည့် “Quality, Experience and Leadership in Healthcare: Integrate – Inspire - Innovate” နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် ဒစ်ဂျစ်တယ်နည်းပညာရပ်များကို ဆေးရုံများ၏ အုပ်ချုပ်ရေးကဏ္ဍများတွင်လည်းကောင်း၊ ဆေးရုံဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင်လည်းကောင်း၊ လူနာပြုစုစောင့်‌ရှောက်ရေးလုပ်ငန်းများတွင်လည်းကောင်း ပေါင်းစပ်အသုံးပြုကာ အရည်အသွေးပြည့်ဝပြီး လုံခြုံစိတ်ချရသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေးတို့အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်စေရေးတို့အတွက် အလေးထားဆွေးနွေးခဲ့ကြပါသည်။

နောင်လာမည့် HMA 2026 Conference ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂ - ၃ ) ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ယင်းသို့ ကျင်းပရန်စီစဥ်နိုင်ခြင်းမှာလည်း ယခုကျင်းပပြုလုပ်သည့် HMA 2025 Conference ၏ အရှိန်အဟုန်များကြောင့်သာ ဖြစ်ပါတော့သည်။