(၁၁)ရက် ၊ စက်တင်ဘာလ ၊ ၂၀၂၄ ခုနှစ်
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ မှ ဇူလိုင်လ (၁၁) ရက်တွင် ရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ စီစဉ်ကျင်းပခဲ့သော Thai – Myanmar Business Matching “Health & Beauty 2024” ပွဲအား မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံ များ အသင်း၏ ဥက္ကဌ အေးအေးစန်း မှ တက်ရောက်အမှာ စကားပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေး ခဲ့ပြီး မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံ များအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အခြား အသင်း ဝင် ဆေးရုံများမှ တာဝန်ရှိလူကြီးမင်းများလည်း တက်ရောက်ခဲ့ကြပါသည်။