ရေဘေးသင့်မြို့နယ်များရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အရေးပေါ် ဆေးကုသရေးအဖွဲ့များ၏ လှုပ်ရှားမှု မှတ်တမ်းများ

(၁၈)ရက် ၊ စက်တင်ဘာလ ၊ ၂၀၂၄ ခုနှစ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက် မှ စ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ အသင်းဝင်ဆေးရုံဖြစ်သော ထွန်းဆေးရုံ (တောင်ကြီး)၊ ပန်းလှိုင် ဆေးရုံ (တောင်ကြီး)၊ မြတ်တော်ဝင် ဆေးရုံ (တောင်ကြီး)၊ SSC ဆေးရုံ၊ OSC ဆေးရုံ၊ Aryu ဆေးရုံ နှင့် ကွယ်ကဘော ဆေးရုံ တို့သည် ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ နှင့် ကလောမြို့ သို့ လည်းကောင်း၊ မဂꧥလာ ဆေးရုံ၊ ငြိမ်း ဆေးရုံ၊ မြို့တော် ဆေးရုံ၊ မန္တလာဆေးရုံ နှင့် တော်ဝင် နှင်းဆီ ဆေးရုံ တို့သည် နေပြည်တော်(တပ်ကုန်း)မြို့များသို့လည်းကောင်း၊ OSC ဆေးရုံ သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သို့လည်းကောင်း ဆရာဝန်၊ သူနာပြုများနှင့် အခြား ကျန်းမာရေးဝန်ထမ်းများပါဝင်သော အရေးပေါ်ဆေးကုသရေးစေတနာ ဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းကာ ရေဘေးသင့်ဒေသများရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် သွားရောက်နေသည့် ကျန်းမာရေးဝန်ထမ်း Volunteers များအား MPHA အသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။