“First-aid Care for Fracture and Minimally invasive fracture surgery” သင်တန်းကျင်းပပြုလုပ်ခြင်း။

 ၃၀ / အောက်တိုဘာလ / ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းနှင့် Medpark Hospital တို့ ပူးပေါင်းစီစဥ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ကြာသပတေးနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီတွင် Dr Pongsakorn Bupparenoo (Specialty - Orthopedics Surgery, Subspecialty - Orthopedic Trauma) မှ ပို့ချပေးသည့် “First-aid Care for Fracture and Minimally invasive fracture surgery” သင်တန်းကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အသင်းဝင်ဆေးရုံအသီးသီးမှ ဆရာ/ဆရာမများ စုစုပေါင်း (၈၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းသည် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကဏ္ဍကို ပိုမို၍လုံခြုံစိတ်ချခိုင်မာစွာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်အောင် အသင်းဝင်ဆေးရုံများ၏ စဥ်ဆက်မပြတ် လေ့လာသင်ယူနိုင်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့အတွက် အစဥ်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။