ရင်ချင်းဆက်အမွှာ ကြာညိုသင်းနှင့် ကြာညိုသိမ့်တို့နှစ်ဦးအတွက် အနာဂတ်ရန်ပုံငွေမတည်ပေးရေးတွင် အလှူငွေ (၃၀) သိန်းကျပ် သွားရောက်လှူဒါန်းခဲ့ခြင်း။

 ၁၂ / ဇွန်လ / ၂၀၂၆ (သောကြာနေ့)

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဗဟိုအမှုဆောင်ကော်မတီဝင် ဦးစိုးမြင့်နှင့် ရုံးအဖွဲ့တို့သည် ပခုက္ကူဇာတိဖြစ်ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် မွေးဖွားခဲ့သည့် အသက် (၂) နှစ်အရွယ် ရင်ချင်းဆက်အမွှာ ကြာညိုသင်းနှင့် ကြာညိုသိမ့်တို့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ကြာသပတေးနေ့ တွင် ကလေးဆေးရုံကြီး (ရန်ကုန်) ၌ မနက်ပိုင်း (၉း၀၀) နာရီခွဲတွင် စတင်ခွဲစိတ်ခဲ့ရာ ညဦး (၇:၄၀) နာရီတွင် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါသည်။ ကလေးနှစ်ဦးအတွက် အနာဂတ်ရန်ပုံငွေကို စတင်မတည်ပေးရန် ကြိုးစားမှုတွင် စေတနာများမှ အလှူငွေများကို တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းကြရာ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းကြီးမှ အလှူငွေ (၃၀) သိန်းကျပ် သွားရောက်လှူဒါန်းခဲ့ပါသည်။