အသင်းဝင်ဆေးရုံ “အာရှတော်ဝင်ဆေးရုံ”မှ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် “Mobile Clinic” ဝန်ဆောင်မှုဖြင့် ပါဝင်ဆောင်ရွက်ခဲ့မှုများကို မှတ်တမ်းတင်ဂုဏ်ပြုခြင်း

 ၃၀ / နိုဝင်ဘာလ / ၂၀၂၅ ခုနှစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ "ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်" ၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများအတွက် "အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု" အနေဖြင့် Mobile clinic ဝန်ဆောင်မှုကို မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (MPHA)၏ ကိုယ်စားပြုအနေဖြင့် "အာရှတော်ဝင်ဆေးရုံ" မှ ပံ့ပိုးပါဝင်နိုင်ခဲ့ရာ ပြင်ပလူနာ (၁၅) ဦးအထိ လာရောက်ပြသကုသမှုခံယူခဲ့ကြပါသည်။ ဤသို့ ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက် မိမိတို့အသင်းအနေဖြင့် အသင်းဝင်ဆေးရုံတစ်ခုဖြစ်သည့် “အာရှတော်ဝင်ဆေးရုံ”အား များစွာ ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။