၂ - ၄ ရက်၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာအေးအေးစန်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂ - ၄) ရက်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ကျင်းပပြုလုပ်သည့် World Health Expo (WHX) 2026 သို့ တက်ရောက်ခဲ့ကြပါသည်။ အသင်းအနေဖြင့် conference တွင် ပူးပေါင်းပါဝင်ရန်၊ အသိပညာ ဗဟုသုတများကို ဖလှယ်နိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။