၁ -၂ ရက်၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း အထက်မြန်မာပြည် ဥက္ကဌ ဒေါက်တာကြူကြူ၊ အောက်မြန်မာပြည် ဥက္ကဌ ဒေါက်တာထင်ပေါ်တို့နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁ - ၂) ရက်တို့တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် Smart Health Asia 2026 ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ အသင်းအနေဖြင့် conference တွင် ပူးပေါင်းပါဝင်ရန်၊ အသိပညာ ဗဟုသုတများကို ဖလှယ်နိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။