၂၀၂၆ ခုနှစ်၊ မေလ (၂၁) ရက်၊ ကြာသပတေးနေ့။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာအေးအေးစန်းသည် ၂၀၂၆ ခုနှစ်၊ မေလ (၂၁) ရက်၊ ကြာသပတေးနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်(Hybrid) ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ ဓာတ်ခွဲခန်းအား အသိအမှတ်ပြုလွှာပေးအပ်ခြင်းနှင့် ပြည်တွင်းရှိဓာတ်ခွဲခန်းများမှတောင်းခံရရှိသည့် အချက်အလက်များ အတည်ပြုနိုင်ရေး အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရဓာတ်ခွဲခန်းအား အသိအမှတ်ပြုလွှာပေးအပ် နိုင်ရေးနှင့် ဓာတ်ခွဲခန်းဆိုင်ရာအချက်အလက်များအားအတည်ပြုထုတ်ပြန်နိုင်ရေး၊ဓာတ်ခွဲခန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ်ဓာတ်ခွဲခန်းပညာရှင်များမှဆွေးနွေးအကြံပြုနိုင်ရေးတို့ ဖြစ်ပါသည်။ အခမ်းအနားတွင် သုတေသနနှင့်တီထွင် ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ မြန်မာအစားအစာဓာတ်ခွဲခန်းများကွန်ရက်မှ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ချစ်နှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ အေးအေးစန်း တို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာအသိအမှတ်ပြုကော်မတီဝင်များ နှင့် ပြည်တွင်းရှိ အစိုးရ/ ပုဂ္ဂလိက ဓာတ်ခွဲခန်းများမှကိုယ်စားလှယ်များ Online ဖြင့်(၁၀၀) ဦး၊ In person ဖြင့်(၇၁)ဦး စုစုပေါင်း (၁၇၁)ဦး တက်ရောက်ခဲ့ကြပါသည်။