မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား အစည်းအဝေးပွဲ ကျင်းပခြင်း။

 (၉)ရက်၊ မေလ၊ ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား အစည်းအဝေးပွဲကို ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက် (ကြာသပတေးနေ့) တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ နှစ်ပတ်လည် အခမ်းအနားပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ အသင်း၏ ဥက္ကဌ ဒေါက်တာအေးအေးစန်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပေးခဲ့ပါသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းဝင်ဆေးရုံများမှ ဂုဏ်သရေရှိ ဆရာ/ဆရာမများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။