(၂၀ - ၂၂) ရက်၊ အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာနွေးနုဝေသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၀ - ၂၂) ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၉) ကြိမ်မြောက် IHF World Hospital Congress သို့ တက်ရောက်ခဲ့ပါသည်။ ခရီးစဥ်အတွင်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် ပြုလုပ်သည့် Asian Hospital Federation (AHF) ၏ 2026 AHF Board of Governors Meeting သို့လည်း အသင်းကိုယ်စားတက်ရောက်ခဲ့ပါသည်။