မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများသင်း၏ (၁၄) ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး အခမ်း အနားနှင့် (၂၀၂၆-၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပခြင်း။

 ၈-၉ / မေလ / ၂၀၂၆ ခုနှစ်

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ (၁၄) ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားပွဲနှင့် (၂၀၂၆-၂၀၂၈) အလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားအတွက် အကြိုညစာစားပွဲကို ၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်၊ သောကြာနေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ Oriental House ၌လည်းကောင်း၊ နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှု‌ဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ (၉) ရက်၊ စနေနေ့တွင် လူကိုယ်တိုင်တက်ရောက်ပေးနိုင်သူများအတွက် အမှတ် (၂၉)၊ ပထမထပ်၊ မင်္ဂလာခန်းမ၊ မင်းရဲ ကျော်စွာလမ်း၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌လည်းကောင်း၊ လူကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိသည့် အသင်းဝင်ဆေးရုံများအတွက် အွန်လိုင်းမှတက်ရောက်စေခြင်းဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ နှစ်ပတ်လည် အခမ်းအနားပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ အသင်း၏ ဥက္ကဌ ဒေါက်တာအေးအေးစန်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပေးခဲ့ပါသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းဝင်ဆေးရုံများမှ ဂုဏ်သရေရှိ ဆရာ/ဆရာမများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။


Warning: include_once(): open_basedir restriction in effect. File(/inc/news-sidebar.inc.php) is not within the allowed path(s): (/home/mphamyanmar/public_html:/home/mphamyanmar:/var/cpanel/php/sessions/ea-php80:/tmp:/var/tmp) in /home/mphamyanmar/public_html/pages/14th-annual-general-meeting.mm.php on line 89

Warning: include_once(/inc/news-sidebar.inc.php): Failed to open stream: Operation not permitted in /home/mphamyanmar/public_html/pages/14th-annual-general-meeting.mm.php on line 89

Warning: include_once(): Failed opening '/inc/news-sidebar.inc.php' for inclusion (include_path='.:/opt/cpanel/ea-php80/root/usr/share/pear') in /home/mphamyanmar/public_html/pages/14th-annual-general-meeting.mm.php on line 89