မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ ဆဌမအကြိမ် အောက်မြန်မာပြည်အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဗဟိုအလုပ်ဆောင်ကော်မတီ အစည်းအဝေးများ ကျင်းပခြင်း

  (၁၃)ရက် ၊ ဒီဇင်ဘာလ ၊ ၂၀၂၄ ခုနှစ်

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ ဆဌမအကြိမ် အောက်မြန်မာပြည်အလုပ်အမှုဆောင်အစည်းအဝေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ( ၂၉ ) ရက် သောကြာနေ့ ညနေ ( ၂ ) နာရီမှ ( ၃ ) နာရီအထိလည်းကောင်း ဗဟိုအလုပ်ဆောင်ကော်မတီ အစည်းအဝေးကို ညနေ ( ၃ ) နာရီမှ ( ၄ ) နာရီအထိလည်းကောင်း အမှတ် ( ၂၉ )၊ အခန်း ( ၁၁၀၂ )၊ ( ၁၁ ) လွှာ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဆောက်အဦးရှိ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အောက်မြန်မာပြည်အလုပ်ဆောင်ကော်မတီဝင်များနှင့် ဗဟိုအလုပ်ဆောင်ကော်မတီဝင်များသည် လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှတဆင့်လည်းကောင်း တက်ရောက်ကာ ဆွေးနွေးပြောကြားခဲ့ကြပါသည်။