၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်၊ အင်္ဂါနေ့
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀း၀၀ - ၁၁း၀၀) နာရီအချိန်တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မောင်ချစ်မှ ဦးဆောင်ခဲ့ပြီး အဖွဲ့ဝင်ဆရာ၊ ဆရာမများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လာမည့်နိုဝင်ဘာလအတွင်း ထုတ်ဝေမည့်စာစောင်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ဆောင်ဖွယ်ရာကိစ္စများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။